Ratio Overview
ကျနော်တို့ ဒီနေ့ပြောမဲ့ အကြောင်းအရာက ဘာလဲဆိုတော့ Financial အပိုင်းမှာ သုံးကြတဲ့၊ အသုံးများတဲ့ ratio တွေအကြောင်းကို ပြောကြမှာ။ ကျနော်တို့ Business Study ကို၊ စီးပွားရေးပညာကို၊ စီးပွားရေးစီမံခန့်ခွဲမှုပညာကို စသင်ကြပြီဆိုရင်၊ Cost accounting တို့၊ Managerial accounting တို့ သင်ကြရပြီဆိုရင် ဒီ ratio တွေကို စပြီးတော့ တွေ့ရပြီ။ Break Even Point(BEP) လိုမျိုးတွေ။ ဒါပေမဲ့ အခု ဒီဆောင်းပါး စီးရီးအတွဲမှာ မြင်ရမဲ့ ratio တွေကတော့ အဲဒီ BEP တို့ထက် ပိုရှုပ်ထွေးတယ်၊ ပိုပြီးတော့လည်း အဆင့်မြင့်တဲ့ စီးပွားရေးပညာအခြေခံတွေကို လိုအပ်မဲ့ ratio တွေအကြောင်းကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒီကဏ္ဍမှာ ဆွေးနွေးသွားမဲ့ ratio တွေဟာ tools တွေပဲ။ ကုမ္ပဏီတစ်ခုက သူတို့ရဲ့ financial statement ကို ထုတ်ပြန်လိုက်ပြီဆိုရင် အဲဒီမှာ data တွေ ပါလာမယ်။ အဲဒီ data တွေကို ဒီ tools တွေနဲ့ အသုံးချကြည့်လိုက်ရင်၊ မန်နေဂျာတွေ၊ Executive တွေက ကိုယ့်ကုမ္ပဏီဟာ ဘယ်လိုအနေအထားရှိလဲ၊ အောင်မြင်နေလား၊ ကျရှုံးနေလား၊ ဒေဝါလီခံရတော့မှာလား စသဖြင့် ခန့်မှန်းလေ့လာကြည့်လို့ ရနိုင်သွားမယ်။ တစ်ခါ tools ဆိုတဲ့အတိုင်းပဲ၊ သူ့မူလရည်ရွယ်ချက်ထက် ပိုပြီးတော့လည်း ဒီ ratio တွေကို သုံးလို့ရနိုင်မယ်။ ဘယ်လိုနေရာမျိုးလဲဆိုရင်၊ acquisition လုပ်ဖို့အတွက် ကုမ္ပဏီတစ်ခုကို လေ့လာမယ်၊ အနာဂတ်မှာ ဘာဆက်လုပ်ရမလဲ ဆိုတာကို သိနိုင်ဖို့ အိုင်ဒီယာတွေ ဖြစ်လာနိုင်မယ်၊ နောက်တစ်ခါ တစ်သီးပုဂ္ဂလရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဘယ်ကုမ္ပဏီက ရှယ်ယာတွေကို ဝယ်သင့်လဲ ဆိုတာတွေကို ဆန်းစစ်ကြည့်နိုင်မယ်။
Financial ratio လို့ ပြောပြီဆိုရင် ကျနော်တို့ ၆ မျိုးလောက် ခွဲပြောလို့ရတယ်။ အဲဒီ ၆ မျိုးထဲမှာ ဘာတွေပါလဲဆိုရင်
- Market value ratios
- Liquidity ratios
- Performance ratios
- Cash flow ratios
- Profitability ratios
- Debt ratios
ဆိုပြီးတော့ ပါလာတတ်တယ်။
အဲဒီ ၆ မျိုးက တစ်ခုချင်းစီမှာလည်း သူနဲ့သက်ဆိုင်တဲ့ ratio လေးတွေ ရှိနေတတ်တယ်။ နောက်တစ်ခါ ဒီ ၆ မျိုးထဲမှာ အကျုံးမဝင်တဲ့ ratio အရေအတွက် အနည်းငယ်လည်း ရှိသေးတယ်။ အဲဒီတော့ ကျနော်တို့က ဒီစီးရီးမှာဆိုရင် အခုနပြောခဲ့တဲ့ ၆ မျိုးထဲမှာ အကျုံးဝင်တဲ့ ratio တွေကိုလည်း ပြောသွားမယ်။ တခါအကျုံးမဝင်တဲ့ ratio တွေကိုလည်း ပြောသွားမယ်။
ကုမ္ပဏီတစ်ခုရဲ့ အချက်အလက်တွေကို ratio တွေနဲ့ ယှဉ်လေ့လာကြည့်ပြီး တစ်နှစ်ပြီးတစ်နှစ် ဒီ ratio တွေမှာ အခြေအနေကောင်းတယ်၊ မကောင်းဘူး၊ တိုးတက်မှုရှိတယ်၊ မရှိဘူးဆိုတာတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် ကျနော်တို့က ဒီကုမ္ပဏီသည် တိုးတက်နေတယ်၊ ရင်းနှီးမြှုပ်နှံဖို့ကောင်းတယ်၊ ဝယ်လိုက်ဖို့ သင့်တော်တယ် စသည်ဖြင့် ဆုံးဖြတ်လို့ ရလာမယ်။ ကုမ္ပဏီတစ်ခုရဲ့ တိုးတက်မှုကို လေ့လာတဲ့အခါ၊ ဆန်းစစ်တဲ့အခါ အသုံးချနိုင်မဲ့ ratio တွေ အများအပြား ရှိတယ်။
ဒီအောက်မှာဆိုရင် ကျနော်တို့ အခုနက ပြောခဲ့တဲ့ ratio ၆ မျိုးအကြောင်းကို တစ်ခုစီ အကျဉ်းချုပ်လေး ရှင်းပြပေးသွားမယ်။ အဲဒီလို ရှင်းပြတဲ့အခါမှာလည်း ဥပမာလေးတွေနဲ့ တွဲပြီးတော့ ရှင်းပြသွားမယ်။ ရှေ့လာမဲ့ post တွေ ရောက်ရင်တော့ ဒီကဏ္ဍကြီး ၆ ခုမှာ ပါဝင်နေတဲ့ ration လေးတွေ တစ်ခုချင်းစီကို formula တွေ၊ ဥပမာတွေ၊ လက်တွေ့စီးပွားရေးကမ္ဘာက နမူနာတွေနဲ့ ယှဉ်တွဲပြီးတော့ ကျနော်တို့ ရှင်းပြသွားကြမယ်။
Market Value Ratios
Market value ratio တွေက ကုမ္ပဏီတစ်ခုက သူဖန်တီးနေတဲ့ အမြတ်(profit) ဒါမှမဟုတ် တန်ဖိုး(value) အပေါ် မူတည်ပြီးတော့ ဒီကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဝယ်ယူဖို့မှာ ဘယ်လောက်စျေးကြီးလဲ၊ ဘယ်လောက်ပေါပေါလောလောနဲ့ ရနိုင်မလဲဆိုတာကို တိုင်းတာတဲ့ ratio တွေကို စုစည်းထားတာ။
Market value ratios တွေက management တွေကို၊ ရင်းနှီးမြှုပ်နှံသူတွေကို ကုမ္ပဏီဟာ စျေးကွက်ထဲမှာ တန်ဖိုးဘယ်လာက် ရှိနေသလဲဆိုတာကို အိုင်ဒီယာရသွားစေတယ်။ ယေဘုယျပြောရရင် market value ratio မြင့်လေလေ၊ ကုမ္ပဏီရဲ့ stock စျေးနှုန်းကလည်း မြင့်လေလေပဲ။ ဘာလို့လဲဆိုတော့ စျေးကွက်ထဲမှာ ဒီကုမ္ပဏီရဲ့ တိုးတက်မှုအနာဂတ်အလားအလာက ကောင်းတယ်လို့ လူတွေက မြင်ကြသလို၊ ဒီကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံရင် စွန့်စားရမှုနည်းလိမ့်မယ်လို့လည်း စျေးကွက်က ထင်နေလို့။
Market value ratio လို့ ပြောလိုက်ရင် ယေဘုယျအနေနဲ့ ဒီအောက်က ratio တွေ ပါလာတတ်တယ်။
- Dividend payout ratio
- Dividend yield
- Earnings per share (EPS)
- Enterprise value
- Price to book value ratio
- Price to earnings ratio (P/E ratio)
Liquidity Ratios
Liquidity ratios ကကျတော့ ကုမ္ပဏီအနေနဲ့ သူတို့ကာလတိုချေးထားတဲ့ ကြွေးမြီတွေကို ပြန်ဆပ်နိုင်စွမ်း ဘယ်လောက်ရှိလဲဆိုတာကို လေ့လာတာ။ အဲဒီတော့ ကုမ္ပဏီတစ်ခု ကျဉ်းထဲကျပ်ထဲ ရောက်နေလား၊ supplier တွေကို ငွေတွေရှင်းနိုင်စွမ်းရော ရှိရဲ့လား၊ အကြွေးနဲ့လည်ပတ်နေတယ်ဆိုရင် အဲဒီအကြွေးကို ပြန်ဆပ်နိုင်စွမ်း ရှိရဲ့လား ဆိုတာတွေကို ဒီ ratio တွေနဲ့ ချိန်ဆကြည့်နိုင်တယ်။ ဒီနေရာမှာ အရေးကြီးတာက ဒီ ratio တွေကို သုံးပြီးတော့ ကုမ္ပဏီဟာ ငွေထပ်ချေးနိုင်ဦးမှာလား၊ အသက်ရှုချောင်နေသေးလား၊ ငွေသားထပ်စိုက်ထုတ်နိုင်သေးရဲ့လား၊ တီထွင်ဆန်းသစ်မှုအသစ်တွေ၊ တခြားလုပ်ငန်းတွေကို ဝယ်ယူလိုက်တာတွေကနေတဆင့် သူတို့ရဲ့တိုးတက်မှုအတွက် အလားအလာသစ်တွေကို ဖန်တီးနိုင်စွမ်း ရှိနေသေးရဲ့လား ဆိုတာကိုလည်း လေ့လာကြည့်နိုင်တဲ့ အချက်ပဲ။
ပုံမှန်အားဖြင့်ဆိုရင် Liquidity ratios မှာ ဒီ ratio အငယ်လေးတွေ ပါလာတတ်တယ်။
- Acid test
- Cash conversion cycle
- Cash ratio
- Current ratio
- Operating cash flow
- Quick ratio
- Working capital
Performance Ratios
Performance ratios တွေကို activity ratio တွေလို့လည်း ခေါ်တယ်။ သူက ကိုယ့်ကုမ္ပဏီမှာရှိတဲ့ ရင်းမြစ်တွေကို အသုံးချပြီး အမြတ်ရအောင် လုပ်တာ၊ အရောင်းတက်အောင် လုပ်တာတွေမှာ ဘယ်လောက်စွမ်းဆောင်ရည် ကောင်းလဲဆိုတာကို တိုင်းတာတဲ့နေရာမှာ သုံးတာ။ ကုမ္ပဏီက ကိုယ့်မှာရှိတဲ့ ရင်းမြစ်တွေ (ဥပမာပြောရရင် ဝန်ထမ်းတွေ၊ စက်ပစ္စည်းတွေ၊ ဂိုထောင်တွေ)ကို အသုံးချပြီး၊ leverage လုပ်ပြီး အမြတ်ရအောင် ဘယ်လောက်ကောင်းကောင်း လုပ်နိုင်လဲ ဆိုတာကို တိုင်းတာတာပဲ။ ကုမ္ပဏီတွေမှာ asset တွေအများကြီးရှိပြီး အသုံးမချနိုင်တာ၊ တစ်ခါ အသုံးချနိုင်စွမ်းတော့ ရှိပါရဲ့၊ ဒါပေမဲ့ အသုံးချစရာ asset က နည်းနေတာ စသဖြင့် ကြုံနေရတတ်တယ်။ ဥပမာ inventory ကို နည်းနည်းပဲ ထားတယ်ဆိုရင် production မှာ တစ်ခုခုဖြစ်တာနဲ့ အရောင်းကျသွားနိုင်တဲ့ risk ရှိတယ်။ inventory ကို အများကြီးထားပြန်တော့လည်း ပစ္စည်းတွေ date out ကုန်တာ၊ ခေတ်မမီတော့တာတွေ ဖြစ်တတ်တယ်။ အနိမ့်ဆုံးတော့ ငွေတွေအိပ်နေတာပေါ့။
Performance ratios လို့ပြောလာရင် ဒီအောက်က ratio လေးတွေကို ထည့်စဉ်းစားကြလေ့ ရှိတယ်။
- Average collection period
- Fixed assets turnover
- Gross profit margin
- Inventory turnover
- Receivable turnover
- Total assets turnover
Cash Flow Ratios
Cash flow ratios တွေကတော့ ကြွေးမြီတွေပြန်ဆပ်ဖို့၊ ကုမ္ပဏီရဲ့ လုပ်ငန်းတွေတိုးချဲ့ဖို့ ကုမ္ပဏီမှာ ငွေသားဘယ်လောက် လက်ကျန်ထားနိုင်စွမ်းရှိလဲ၊ ဘယ်လောက်ကို ဖန်တီးယူနိုင်လဲဆိုတာကို တိုင်းတာဖို့ ဖြစ်ပါတယ်။ Cash flow ratios ကိုသုံးပြီး ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအခြေအနေ ဘယ်လောက်အားကောင်းတယ်၊ စွမ်းဆောင်ရည်ဘယ်လောက် အားကောင်းတယ်ဆိုတာတွေကိုလည်း တိုင်းတာနိုင်ပါတယ်။ စီးပွားရေးလုပ်ကြရင် “cash is king” လို့ ပြောကြတာ ကြားဖူးမှာပါ။ Cash flow အခြေအနေကောင်းလေလေ အဖွဲ့အစည်းရဲ့ အခြေအနေကလည်း ကောင်းလေလေလို့ ယေဘုယျယူဆလို့ ရပါတယ်။
Cash flow ratios မှာ ဘာတွေပါလဲဆိုတော့
- Cash flow coverage
- Dividend payout ratio
- Free cash flow
- Operating cash flow
Profitability Ratios
Profitability ratios ကတော့ ကုမ္ပဏီအနေနဲ့ အမြတ်ဖန်တီးနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပိုပြည့်စုံတဲ့ ကြန်အင်လက္ခဏာတွေကို လေ့လာနိုင်စေမဲ့ specific ratio တွေကို စုစည်းထားတာပါ။ Ratio တွေနဲ့ ပတ်သက်လာရင် King of all ratio လို့ ပြောကြတဲ့ return on equity (ROE) ကို သိနိုင်ဖို့က DuPont formula လို ရိုးရှင်းတဲ့ formula မျိုးကို သုံးနိုင်ပါတယ်။ “ROE = Margin x Turn x Leverage” ဆိုရင် ပြီးတာပါပဲ။ ဒါပေမဲ့ အရေးကြီးတာက ဒီ formula မှာဆိုရင် တခြားဆိုင်ရာဆိုင်ရာ ratio တွေကို အခြေခံပြီး အသုံးချထားတယ်ဆိုတာကို နားလည်ဖို့ပါ။ ဒီ Profitability ratios မှာ ပါနေတဲ့ ratio အများစုက ဒီသဘောအတိုင်း အလုပ်လုပ်တာ ဖြစ်ပါတယ်။
Profitability ratios လို့ ပြောကြရင် ဒီအောက်က ratio တွေ ပါဝင်ပါတယ်။
- Current yield
- Profit margin
- Return on assets (ROA)
- Return on net assets (RONA)
- Return on equity (ROE)
- Return on investment (ROI)
Debt Ratios
Debt ratios ကတော့ ကုမ္ပဏီမှာ ကြွေးမြီဘယ်လောက် ရှိနေတယ်၊ equity နဲ့ debt အကြား ဘယ်လောက်မျှခြေရှိနေတယ် စတာတွေကို တိုင်းတာရာမှာ အသုံးချတဲ့ ratio ဖြစ်ပါတယ်။ Debt ratios တွေကို ကြည့်လိုက်ရင် ကုမ္ပဏီက ဘယ်လောက် leverage အခြေအနေကောင်းလဲဆိုတာ ကြည့်လို့ရတယ်။ Debt ratios တွေက အခြေအနေကောင်းတာ၊ ဆိုးတာ၊ ကောင်းတာလည်းမဟုတ်၊ မကောင်းတာလည်း မဟုတ်၊ ပုံမှန်ပဲ ရှိနေတာ၊ စသဖြင့် ပုံစံအမျိုးမျိုး ရှိနေနိုင်တယ်။ ဘယ်သူက မေးတာလဲဆိုတာအပေါ် မူတည်တာလည်း ရှိတတ်တယ်။ ဥပမာ Total debt ratio မြင့်နေတဲ့ အချိန်မှာ ရှယ်ယာရှင်တွေက သဘောကျမယ်။ သူတို့က သူတို့ရှယ်ယာတွေ dilute ဖြစ်သွားမှာ ကြိုက်မှာမဟုတ်ဘူး။ ဒါပေမဲ့ မြီရှင်တွေကတော့ ဘယ်သဘောကျမလဲ။
Debt ratios လို့ပြောရင် ဘာတွေပါတတ်လဲဆိုတော့
- Asset to equity
- Asset turnover
- Cash flow to debt ratio
- Debt ratio
- Debt to equity
- Equity multiplier
- Interest coverage
Conclusion
ဒီနေ့တော့ ဒီလောက်ပါပဲ။ ကျနော်တို့ ဒီနေ့မှာ Financial ratio တွေနဲ့ ပတ်သက်လို့ ဘယ်လို categories တွေ ရှိကြတယ်။ ဒီ category တစ်ခုချင်းစီက ဘယ်လိုအသုံးဝင်တယ်။ Category တစ်ခုချင်းစီရဲ့ အောက်တွေမှာ ဘယ်လို ratio တွေ ပါဝင်နေတယ် ဆိုတာတွေကို ပြောခဲ့ကြတယ်။ ရှေ့အပိုင်းတွေရောက်ရင် ဒီ ratio တွေကို အသေးစိတ်ပြန်ဆွေးနွေးကြမယ်။ တကယ့် real world scenarios တွေက example တွေ ထုတ်ပြပြီး ဆွေးနွေးမယ်။
အရေးကြီးတဲ့အချက်တစ်ခုက ratio analysis သည် tool ပဲ။ တူကောင်းကောင်း ရှိတာက ခဗျားတို့က ပန်းပဲဆရာကောင်း မဖြစ်စေဘူး။ လွှကောင်းကောင်းရှိတာက ခဗျားတို့ကို လက်သမားဆရာကောင်း မဖြစ်စေဘူး။ ဒါပေမဲ့ ပန်းပဲဓါးကောင်းမကိုင်ရဆိုတာလို tools ကောင်းကောင်းတွေ မရှိဘဲ၊ ခဗျားတို့ အလုပ်တွင်ကျယ်အောင် လုပ်နိုင်ဖို့ခက်တယ်။ ratio တွေကို နားလည်ခြင်းသည် ခဗျားတို့ လုပ်ငန်းကို အဆင်ပြေလာအောင်၊ decision making တွေ မှန်ကန်သွားအောင် အများကြီးကူညီပေးနိုင်တယ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ မှန်ကန်တဲ့ tools ကို မှန်ကန်စွာ အသုံးချတတ်ရင်၊ သူ့နေရာနဲ့သူ သုံးနိုင်တယ်ဆိုရင် ခဗျားတို့ နေ့စဉ်အလုပ်ထဲမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဆောင်ရွက်သွားနိုင်ကြမယ်။
ကျနော်တို့ ရှေ့အပိုင်းမှာ ပြန်ဆုံကြပါမယ်။
